Local News

နှမ်းစင်တာများဖွင့်လှစ်၍ GAPနှမ်းများအား တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စျေးကောင်းပေးဝယ်ယူနေ

Last Updated:

နှမ်းစင်တာများဖွင့်လှစ်၍ GAPနှမ်းများအား တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စျေးကောင်းပေးဝယ်ယူနေ

မကွေးတိုင်းဒေသကြီးအတွင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ GAPစနစ်ဖြင့်စိုက်ပျိုးသည့် နှမ်းများအား နှမ်းသီးနှံများ စိုက်ပျိုးထွက်ရှိရာဒေသများတွင် စင်တာများဖွင့်လှစ်၍ နှမ်းစိုက်တောင်သူ များအဆင်ပြေစေရန်ရည်ရွယ်၍ စျေးကောင်း ပေးကာ ဝယ်ယူပေးနေတာကို တွေ့ရှိရပါတယ်။ အရည်အသွေးကောင်းနှမ်းများ စိုက်ပျိုးထုတ်လုပ်သော တောင်သူများ အနေဖြင့်  စုပေါင်းရောင်းချခြင်းဖြင့် စျေးကွက်ဖော်ဆောင်နိုင်ရေး အစီအစဉ်တစ်ခုကိုဆောင်ရွက်မည့် အရောင်း စင်တာများဖွင့်လှစ်၍ ဆောင်ရွက်လျှက်ရှိရာ မကွေးမြို့ သစ်ရာကောက်ကျေးရွာတွင်  ယနေ့(၁၅.၈.၂၀၂၂)ရက်နေ့ မှစ၍ (၃၀.၉.၂၀၂၂)ရက်နေ့အထိ (၄၅)ရက်တိုင်တိုင် အရည်အသွေးကောင်းသော GAPနှမ်းများကို အပတ်စဉ် တနင်္ဂနွေနေ့မှ လွဲပြီး ကျန်ရက်များတွင် နေ့စဉ်နံနက်(၈:၃၀)မှ ညနေ(၅:ဝဝ)နာရီအထိ  တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ ဝယ်ယူသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ဝယ်ယူရန်သဘောတူစာချုပ် ချုပ်ဆိုထားသော ကုမ္ပဏီများ၊ လုပ်ငန်းရှင်ကြီးများထံသို့ Video Callခေါ်၍ နေ့စဉ်စျေး ပြိုင်စနစ်ဖြင့် စျေးဖွင့်၍ဝယ်ယူခြင်း၊ ရောင်းချခြင်းအား တောင်သူများရှေ့တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး GAPစနစ်ဖြင့် စိုက်ပျိုးထားကြောင်းအား GAPမှတ်တမ်းစနစ်တကျ ရေးသွင်းထားကြောင်း မှတ်တမ်းစာအုပ်ပြ နိုင်သည့် တောင်သူများ၏ GAPနှမ်းများအား အရည်အသွေး‌ကောင်း နှမ်းစျေးထက် (၁)တင်းလျှင်ငွေကျပ်(၅ဝဝ) အပို ဆောင်းပေးဝယ်မည်ဖြစ်ကာ နှမ်းအရည်အသွေးကို နမူနာပြထားသည့် အရည်အသွေးစံနှုန်း (A,B,C)ဆိုပြီးအဆင့်ခွဲ ခြား၍ အရည်အသွေးတစ်ခုနှင့် တစ်ခုကြား နှမ်း(၁)တင်းလျှင် ငွေကျပ်(၁၅ဝဝ)ကျပ်ခွာ၍ ဝယ်ယူမည်ဟု သိရှိရပါသည်။

နှမ်းများရောင်းချပြီးသည်နှင့် လက်ငင်းငွေချေစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများမှ မိမိတို့စိုက်ပျိုး ထုတ်လုပ်ထားသည့် GAPနှမ်းနှင့် အရည်အသွေးကောင်းနှမ်းတို့အား သတ်မှတ်ထားသည့်အရည်အသွေး ပြည့်မီရေး ဖုံ၊ သဲ၊ ဂဲ၊ အမှော်၊ အဖျင်း အသန့်ရှင်းဆုံးဖြစ်အောင်နှင့် အစိုဓါတ်နှင့်အက်စစ်ဓါတ်ပါဝင်မှုတို့အား အလေးထား၍ ဆောင်ရွက်ခဲ့ကြခြင်းဖြင့် နှမ်းစုပေါင်းရောင်းချရေး စင်တာ၊ သစ်ရာကောက်(SFDA)သို့ (၁၅.၈.၂၀၂၂)ရက်နေ့မှစတင်၍ လာရောက်ရောင်းချကြရန် နှိုးဆော်ထားပါကြောင်း သိရှိရပါသည်။

(၁၅.၈.၂၀၂၂)ရက်နေ့ပေါက်စျေးများမှာ နှမ်းနက်(A)အဆင့်စျေးမှာ (၉၁၅ဝဝ)ကျပ်၊ (B)အဆင့် စျေးမှာ (၉ဝဝဝဝ)ကျပ်၊ (C)အဆင့်စျေးမှာ (၈၈၅ဝဝ)ကျပ်၊ အခြားအဆင့်စျေးမှာ (၈၇ဝဝဝ)ကျပ်စျေးနှင့် နှမ်းဖြူ(A)အဆင့်စျေးမှာ (၈ဝဝဝဝ) ကျပ်၊ (B)အဆင့်စျေးမှာ (၇၈၅ဝဝ)ကျပ်၊ (C)အဆင့်စျေးမှာ (၇၇ဝဝဝ)ကျပ်၊ အခြားအဆင့်စျေးမှာ (၇၅၅ဝဝ)ကျပ်စျေး တို့ဖြင့် အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News